လက်ပံတန်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းထုတ်ကုန်များ ၏ သတင်းအချက်အလက် ပံ့ပိုးနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း စီးပွားရေး သုတေသနပြု ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကညင်တန်း ကျေးရွာ နွေစပါး စိုက်တောင်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိန်းနှင့် ဝန်ထမ်းများက ရွှေဝါရောင်ကုမ္ပဏီနှင့် အကျိုးတူစိုက်ပျိုးထားသည့် နွေစပါး (၉၉)ဧကတွင် လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ စိုက်ပျိုးထားသည့် ရတနာတိုး၊ ရက်(၉၀)စပါးများတွင် အသုံးပြုသည့် သွင်းအားစုနှင့် မြေဩဇာ၊ တစ်ဧကကုန်ကျစရိတ်များကို သိရှိနိုင်ရန် နွေစပါးစိုက်တောင်သူ များနှင့် တွေ့ဆုံလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး