တမူး ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်းထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကိုတမူးခရိုင်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဌာနများဖြစ်သော ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်း(၂၅၂)ဦးတို့အား ဇန်နဝါရီလ(၂၇)ရက်နေ့တွင်(၁၂၈)ဦး၊ ဇန်နဝါရီလ(၂၈)ရက် နေ့တွင်(၁၂၄)ဦးတို့အား နှစ်ရက်ခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများ ကိုလည်း ကာကွယ်ဆေးထိုးနှံပြီး လေးပတ် အကြာတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ ထံမှသိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)