ပန်း​တောင်းမြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာ​ပေး ရှင်းလင်းခြင်းအခမ်းအနားပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၂၇

ပန်း​တောင်း​​​မြို့နယ် မင်းရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင် ရေး အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို ကြေးသွန်း​မြတ်စွာဘုရား ရင်ပြင် တော်တွင် ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အသိပညာပေးရှင်းလင်းပွဲတွင် စီမံကိန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်မိုးမိုးခိုင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံတို့ တွင် ပြည့်စုံရမည့် အချက်အလက်များ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များအားလည်းကောင်း၊ စာရင်းစစ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်း က ဆယ်အိမ်စု၊ ရာအိမ်စုများ ဖွဲ့စည်းခြင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ တာဝန်ခံများ ရွေးချယ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာ တာဝန်ခံ အမည်စာရင်းများ ပြုစုတင်ပြခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း လုပ်ငန်းစဉ် များအားလည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ် Your Right! Your Choice! "သင့်အခွင့်အရေး သင်ရွေးချယ်ပေး" လက်ကမ်းစာစောင်ပါ ဖော်ပြသည့် နည်းဥပဒေများအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ အား ဝေငှခဲ့ကြောင်း သိရှိရသည်။

ထိုနောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား အသိပညာပေးဆောင်ရွက်မည့် အဖွဲ့(၆)မှ အဖွဲ့ခေါင်းဆောင်  မြို့နယ်စီမံကိန်း ဦးစီး ဌာနမှ လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးခိုင်နှင့် အဖွဲ့ဝင်များဖြစ်သည့် စာရင်း စစ်ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ အကြီးတန်းစာရေး ဦးသန်းထွဋ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး၊ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စား လှယ်များ၊ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)