တန့်ဆည်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

တန့်ဆည်   ဇန်နဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ  အုပ်စုတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဝန်ထမ်း များ၊ မြို့နယ် အားကစား နှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း(၂၀၂)ဦးအား (၂)ရက်ခွဲ ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး တန့်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံးရေ (၂၃)လုံးရရှိကာ တစ်လုံးလျှင် လူ(၁၀)ဦး ထိုးနှံနိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)