ကလိန်အောင် ဇန်နဝါရီ ၂၇
၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့မှစ၍ (ပထမ)အကြိမ်ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုမြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများသည်ယနေ့ နံနက် ၉နာရီက ရေဖြူမြို့နယ် စုရပ် တွင် သွားရောက် ထိုးနှံကြောင်း သိရသည်။
"ကျနော်တို့ကမြို့အဆင့်ဆိုတော့ ဒီကကျန်းမာရေးဝန်ထမ်းအားလုံးက ရေဖြူမြို့နယ်ဆေးရုံကြီးမှာ သွားရောက်ထိုးကြပါတယ်၊ အခုဒီနေ့ဆို (၇)ဦး ဆေးထိုးပြီးပြီပေါ့၊ နောက်နေ့ကျရင် မြို့အတွင်းရှိ ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ရေဖြူမြို့နယ် -ကုတင်၅၀စုရပ်တွင်သတ်မှတ်ရက်များ အလိုက်လူဦးရေအလှည့်ကျဆက်လက် ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း ကလိန်အောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)