ကရသူရိ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကုသရေးဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးကို ယနေ့ နံနက် (၈)နာရီခွဲတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်ထိုးနှံခဲ့ ကြောင်းသိရသည်။
အဆိုပါ သွားရောက်ထိုးနှံခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အတွက် ကရသူရိမြို့ ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်လင်းထွန်းနှင့်ကျန်းမာရေး ဝန်ထမ်းစုစုပေါင်း (၁၄)ဦး အား ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ(၁)လုံးခွဲရှိပြီး ဆေးတစ်လုံးလျှင်လူ(၁၀)ဦးအထိ ထိုးနှံရကြောင်း ကရသူရိမြို့ တာဝန်ခံဆရာဝန်ဒေါက်တာကျော်လင်းထွန်းထံမှသိရသည်။
စိုးဝင်း(ပြန်/ဆက်)