ထီးချိုင့်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ထီးချိုင့် ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် စတင်ထိုးနှံခဲ့ကြောင်း သိရ သည်။

ထီးချိုင့်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်း တာဝန်ထမ်းဆောင်နေသော မြို့နယ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်း (၇၅)ဦး၊ မြို့နယ်ကုသရေးဝန်ထမ်း (၉၅)ဦး၊ မြို့နယ်တိုင်းရင်းဆေး မှ ဝန်ထမ်း (၉)ဦးနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း (၁၈၂) ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)