ဘုတ်ပြင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၈)နာရီက ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် တာဝန်ထမ်း ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၉၆)ဦးအား ထိုးနှံပေးမည်ဖြစ်ပြီး ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၆၆)ဦးအား ထိုးနှံပေးခဲ့ပြီး နေ့လည်ပိုင်း တွင်ကျန်ရှိသည့်ဝန်ထမ်းများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦး စီးဌာန မှ သိရှိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)