ဟုမ္မလင်းမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ဟုမ္မလင်း ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် စတင်ထိုးနှံခဲ့ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း(၃၃၄)ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းနှင့် တိုင်းရင်းဆေးဌာနမှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၃၄၀)ဦးခန့်ကို အုပ်စုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး(၁) ဦးတင်မောင်ဝင်း ထံမှသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က မြန်မာ့အမျိုးသား​လေကြောင်းဖြင့် ရောက်ရှိခဲ့ကြောင်း သိရ သည်။

လင်းလင်း(ပြန်/ဆက်)