သရက်ချောင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာ အုပ်စု (၃၉) အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်တိုင်းရင်းဆေး ၀န်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၀န်ထမ်းများ စုစုပေါင်း (၁၆၂ ) ဦးကို ပထမအကြိမ် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)