ဟားခါး ဇန်နဝါရီ ၂၇
ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့မှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြု ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းအားလုံးပါဝင်ကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းလူဦးရေပေါ်မူတည်၍ အချိန်အပိုင်း အခြားအလိုက်၊ လူစုလူဝေးမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦးရေစာရင်း ကောက်ယူလျက်ရှိပြီး စာရင်းကောက်ယူပြီး ဗဟိုသို့ အဆင့်ဆင့်တင်ပြပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)