ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

ပုလော   ဇန်နဝါရီလ   ၂၇

ပုလောမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈)နာရီက ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရပ်ကွက် (၁၃) ရပ်ကွက်၊ကျေးရွာ အုပ်စု (၂၇) အုပ်စု၊ စုစုပေါင်း (၄၀) ရှိပြီး၊ မြို့နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ် တိုင်းရင်းဆေး ၀န်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ၀န်ထမ်းများ စုစုပေါင်း (၂၄၂) ဦးကို ပထမအကြိမ် ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်ဆက်)