ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအတွင်းစိုက်ပျိုးမည့်အခြေအနေများ နှင့် စိုက်ပျိုးရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခြင်း ဆောင်ရွက်

ဟားခါး         ဇန်နဝါရီ         ၂၆

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများအား မိုးရာသီအတွင်း စိုက်ပျိုးသွားမည့် သီနှံအခြေအနေများနှင့် စိုက်ပျိုးရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဟားခါးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား မိုးရာသီအတွင်း စိုက်ပျိုးသွားမည့် သီနှံများ၊ စိုက်ပျိုးနည်းစနစ်များ၊ ထွက်နှုန်းတွက်ချက်နည်းများနှင့် တိုးတက်လာသည့် နည်းပညာများနှင့်အညီ စိုက်ပျိုးနိုင်ရေးအခြေအနေများနှင့် စိုက်ပျိုးရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းကြရာ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြား ပေးပြီးနောက် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား မိုးရာသီအတွင်း စိုက်ပျိုးသွားမည့် သီးနှံအခြေအနေများနှင့် စိုက်ပျိုး ရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခြင်း အခမ်းအနားသို့ ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ၊ ခရိုင်(ပြန်/ဆက်)