ပလောက် ဇန်နဝါရီ ၂၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာဝန်ရှိ သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ပူးပေါင်း၍ ပြည်ခြားကျေးရွာ အုပ်စုတွင်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင် ရန်နှင့် သဘာဝဘေးအန္တရာယ်များ အကြောင်းသိရှိ စေရန်အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးနှင့် ပတ်သက်၍ရောဂါ ကူးစက်ပျံ့နှံ့မှု ကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများတိကျစွာ လိုက် နာ နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက် များဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း၊ ရှောင်ကြဉ်ကြရန် ၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာ ကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိစရေန်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာ စောင်များ ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်(ပလောက်ပြန်/ဆက်)