ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဆယ်အိမ်မှူး အသစ်ရွေးချယ်ခြင်းကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ နည်းဥပဒေ များနှင့်အညီ ၂၀၂၁ ခုနှစ် မတ်အတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရပ်ကွက်(၁၆)ရပ်ကွက် ကျေးရွာအုပ်စု(၅၂)အုပ်စု နှင့် ကျေးရွာပေါင်း (၂၈၆)ရွာ ရှိကြောင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် သက်ဆိုင်ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာအတွင်းရှိ အိမ်ထောင်စု တစ်စုလျင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူ အသက်(၁၈)နှစ် ပြည့်ပြီးသူ တစ်ဦးတည်းသာ မဲပေးစနစ်ဖြင့် ရွေးချယ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်း သည် ၂၀၂၁ ခုနှစ် မတ်လ(၃၁)ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်းများကို အချိန်ကာလ သတ်မှတ်ချက် များအတိုင်း စတင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး ပြန်/ဆက်