လက်ပံတန်း ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် သည့် ဆင်ကူးဝက်လှကျေးရွာအုပ်စု ကညင်တကိုင်း ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမအကြိမ် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့ က အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလှိုင် နှင့် ဝန်ထမ်းများက ကညင်တကိုင်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၄၈ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၅၉ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၂၃ ဦး စုစုပေါင်း အသင်းသား ၁၃၀ ဦးအား ပဉ္စမအကြိမ် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၅၉၉၀၀၀၀) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး