လက်ပံတန်း ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာ ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းတွင် ရပ်ကွက်ကျေးရွာအတွင်းရှိ မီးသတ်ရေကန်များ ရေအသင့်ရှိစေရန် လိုက်လံစစ်ဆေးပြီး ရေဖြည့်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်း သတ်နိုင်ရေး၊ ထိခိုက်ဆုံးရှုံးများ လျော့နည်း ရေး၊ မီးဘေးလုံခြုံရေးအတွက် ရေအသင့်၊ လူအသင့် ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ရေကန်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေအပြည့် ဖြည့်သွင်းခြင်းတို့ကို လက်ပံတန်းမြို့နယ် ရပ်ကွက်ကျေးရွာများရှိ မီးငြှိမ်းသတ်ရန် ရေကန်များ တွင် အပတ်စဉ် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီး မှူး ဦးလင်းကျော် ထံမှ သိရသည်။
ဝင့်နန္ဒာဌေး