သံတောင်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

သံတောင်ကြီး ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ (၃) လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက်(၁၀၀)နှစ်နှင့် အထက် ဘိုးဘွားများ အားနိုင်ငံတော်မှ ထောက်ပံ့သည့်လူမှုရေးပင်စင်များ ပေးအပ်ခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သံတောင်မြို့ ရပ်ကွက်(၄)ရပ်ကွက်တွင် အိပ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သံတောင်မြို့ရပ်ကွက်(၄)ရပ်ကွက် ရှိလူမှုရေး ပင်စင်ရရှိသူ အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား(၂၆)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)၊ အသက်တစ်ရာနှစ်နှင့် အထက်အဘိုးတစ်ဦးအား လူမှုရေး ပင်စင် နှင့် ထပ်ဆောင်းထောက်ပံ့ငွေ ကျပ်(၆၀၀၀၀)တို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။

သံတောင်တောင်ကြီးမြို့နယ်တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၂၀၂)ဦး ၊ အသက်(၁၀၀)နှစ်နှင့် အထက်လူမှုရေးပင်စင် နှင့် ထပ်ဆောင်းထောက်ပံ့ငွေ အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွား(၆)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)