ရွှေတောင် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ် ပွားစေရေးအတွက် ဆီသိုလှောင်ထားရှိမှုနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ်နှင့် ပတ်ဝန်းကျင် ထိခိုက်နိုင်မှုအခြေအနေ များ၊ စက်သုံးဆီ၊ ဆီဆိုင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဦးစီး ဌာန၏ သတ်မှတ်ထားရှိသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ် ဆေး၍ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား ကိုယ်တိုင် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြ ပြုလုပ်ဆောင်ရွက်စေပြီး လိုအပ်သည်များအား အကြံပြု အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ကိုကိုမင်း(ပြန်/ဆက်)