ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းများကောက်ယူ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိလာပါက ဒေသခံပြည်သူများအား ကာကွယ်ဆေးအသင့်ထိုးနှံနိုင်စေရေးအတွက် လူဦးရေစာရင်းကောက်ယူခြင်း ကို ဇန်နဝါရီလ ၂၅ ရက် နေ့မှ  စတင်ကာ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများတွင် ကောက်ယူလျက်ရှိ ကြောင်းသိရသည်။

အဆိုပါလူဦးရေစာရင်းကောက်ယူရာတွင် --၂၀၀၃ ရက်နေ့နှင့် နောက်ပိုင်းမွေးဖွားသူများစာရင်းကောက် ယူခြင်းမပြုပဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိနိုင်မှုအပေါ် မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၁၈)နှစ် အထက် ဦးစားပေးအုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ ကြာအင်းဆိပ် ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၆)ရပ်ကွက် ကျေးရွာအုပ်စု(၅၂) ကျေးရွာပေါင်း (၂၈၆) ရွာတွင် အသက် (၁၈)နှစ်အထက် လူဦးရေစာရင်းများကို စာရင်းကောက်ယူစိစစ်ပြုစုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးမင်းဦး ပြန်/ဆက်