ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီ အစည်း အဝေးကျင်းပ

ဟားခါး        ဇန်နဝါရီ        ၂၆

ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီ အစည်းအဝေးကို ယနေ့က ဟားခါးမြို့၊ ဗဟိုစာရင်းအင်းအဖွဲ့အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် စာရင်းကောက်ယူရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဌ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းမြနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါ သည်။

ရှေးဦးစွာ ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားက ကလေးအလုပ်သမား ပပျောက်ရေး၊ စာရင်းကောက်ယူရေး လုပ်ငန်းဆပ် ကော်မတီက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ချင်းပြည် နယ်မှာ ကလေးလုပ်သမားရှိ/မရှိကို ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းများပေါင်းပြီး စာရင်းကောက်ယူခဲ့ပါကြောင်း၊ ချင်းပြည်နယ်အနေနဲ့ ကလေးအလုပ် သမားပပျောက်ရေး စစ်တမ်းကို ပထမ() နှစ်စီမံကိန်းမှာ မပါဝင်ပေမယ့် ချင်းပြည်နယ်အတွင်း ကလေးအလုပ် သမားရှိ/မရှိသိ ရှိနိုင်ရန်နှင့် Base line data အတွက် ပထမ ()နှစ် စီမံကိန်းမှာပဲ စာရင်းကောက်ယူခဲ့တာ ဖြစ်ပါကြောင်း၊ အစားအစာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းနဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းများမှာ ဝင်ရောက် လုပ်ကိုင် နေတဲ့ ကလေးအလုပ်သမားများ ရှိ/မရှိကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါကြောင်း၊ ဗဟိုစာရင်း အင်းအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလထိ တစ်နှစ်ပတ်လုံး ကောက်ယူခဲ့သော မြန်မာတစ်ပြည်လုံးကို ကောက်ယူခဲ့တဲ့ မြန်မာအိမ်ထောင်စုများ၏ နေထိုင်မှု အခြေအနေစစ်တမ်း (Myanmar Living Condition Survey)ရဲ့ ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ အချက်အလက်များအရ ချင်းပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါး မှုဟာ ၅၈ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးဖြစ်ပြီး လူ ၁၀ ဦးမှာ ဦး ဟာဆင်းရဲနွမ်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ မိဘများဆင်းရဲနွမ်းပါးမှုဟာလည်း ကလေးအလုပ် သမားများကို ဖြစ်ပေါ်စေမှာဖြစ်ပါကြောင်း၊ ချင်းပြည်နယ် အတွင်းမှာ ကလေးအလုပ်သမားကို အခြားပြည်နယ်နှင့်တိုင်းများနဲ့စာရင် သိပ်မတွေ့ရှိဘူးလို့ ပမာဏအားဖြင့် သိရှိရပါကြောင်းထည့်သွင်းရှင်းလင်းပြောကြားခဲ့ပါသည်။     

ထို့နောက် ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်မှ ချင်းပြည်နယ်ရဲ့ကလေးအလုပ်သမား ပပျောက်ရေး အစည်းအဝေးဟာ အရေးကြီးပါကြောင်း၊ ယခုအခါ ကလေးသူငယ်တွေအခန်းကဏ္ဍဟာလည်း အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသာမက မိန်းကလေးများလည်းအရေးကြီးပါ ကြောင်း၊ တစ်ဖက်မှာ ဒေသအခြေအနေ နှင့်တွေးခေါ်ပါက အရေးမကြီးဟုပြောနိုင်သော်လည်း ကမ္ဘာနှင့်ကြည့်ပါက ကမ္ဘာ့နိုင်ငံကြီးများတွင် ကလေးများကို အလုပ်သမားများအဖြစ် ခိုင်းစေခြင်း များရှိနေပါကြောင်း၊ ချင်းပြည်နယ်တွင် ကလေးကျောင်း ထွက်မှုနှုန်းများလည်း အလွန်မြင့်မားပါကြောင်း၊ ကလေးကျောင်းအပ် နှုန်းသည်များပြားသော်လည်း ကျောင်းထွက်နှုန်းသည်လည်း များပြားပါကြောင်း၊ မူလတန်းတွင် ကျောင်းအပ်နှုန်း အပြည့်ဖြစ်သော်လည်း အထက်တန်း ကျောင်းရောက်သည့်အခါ ငါးဆယ်ရာခိုင်နှုန်းသာ ရှိတော့သဖြင့် ကျန်ကလေးများသည် မိဘလုပ် ငန်းခွင် (သို့မဟုတ်) တနေရာရာတွင် အလုပ်လုပ်သည်လည်း ဖြစ်နိုင်ပါကြောင်း၊ အိမ်တွင် အလုပ်လုပ်သည်မှာ ပြဿနာမဖြစ်သော်လည်း ပညာရေးကျန်းမာရေးဆုံးရှုံးပြီး အပြင်တွင် ရောက်ရှိသွားခြင်း မျိုးမဖြစ်အောင် ကြိုတင်စဉ်းစားရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် ချင်းပြည်နယ်အတွင်း ကလေးအလုပ်သမား ဆိုးဆိုးဝါးဝါးမရှိသော်လည်း ပြောင်းလဲလာမည့် အချိန်တွေ အတွက် ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ Data Aanlysis အားနည်းပါကြောင်း၊ ချင်းပြည်နယ်အနာဂတ်သည် ကလေးများ၏ လက်ထဲတွင်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးဆပ်ကော် မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်ဦးစီးမှူး ဒေါ်စန်းစန်းနုက ချင်းပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ကောက်ယူခဲ့သော ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းမှ ရရှိလာသော အချက်အလက်များကို Power Point ဖြင့်ရှင်းလင်းတင်ပြရာ ဆပ်ကော်မတီဝင် များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးမေးမြန်းချက်များအပေါ် ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဖွေအားက ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့ကြောင်းသိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)