လှိုင်းဘွဲ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ရပ်ကွက်နှင့်ကျေးရွာ များရှိ အသက်(၁၈)နှစ် နှင့်အထက် လူဦးရေစာရင်းများကို ယနေ့နံနက်ပိုင်းကစတင်၍ ကြိုတင်ကောက်ယူခြင်းများကို ရပ်ကွက်/ ကျေးရွာများတွင် ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလူဦးရေစာရင်းများကောက်ယူရာတွင် အမည်၊အဖအမည်၊မွေးသက္ကရာဇ်၊ပြည့်ပြီးအသက်၊ကျား/မ၊နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ဖုန်းနံပါတ်၊ မှတ်ချက်များပါဝင်ပြီး မှတ်ချက်တွင် ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းဌာနအမည် ဦးစားပေး ဖော်ပြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာ ရာအိမ်မှူး များက မိမိတို့နယ်မြေ အတွင်း လူဦးရေမကျန်ရှိစေရေးအတွက် စနစ်တကျကောက်ယူပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)