ပိုင်ကျုံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) လော်ကော်ကျောင်းတွင် ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၉) သိန်းကျော် ဖြင့် ဆရာ/မများနှင့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ၀န်ထမ်းအိမ်ရာကို ဇန်နဝါရီလ (၂)ရက်နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ၀န်ထမ်းအိမ်ယာသည် (၆၀'×၃၀') RC (၁) ထပ် Steel Structure အမျိုးအစားဖြစ်ပြီး ဒေါနငြိမ်းချမ်းကုမ္မဏီလိမိတက် မှဦးဖြိုးဝေနိုင်က တာ၀န်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ (၂၅) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်၍ ရာနှုန်းပြည့်ပြီးစီးပါက ဆရာ/မများနှင့် ကျောင်းသား/သူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)