မြောင်းမြမြို့တွင်း မြရတနာရပ်ကွက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

မြောင်းမြ  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ A-()လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြသည်။

အဆိုပါလမ်းသည် ယခင်ကမြေသားလမ်းဖြစ်ပြီး (၁၂-၁၂-၂၀၂၀)ရက်နေ့မှစကာ ပြည်သူထည့်ဝင်ငွေ (၄၀) ရာခိုင်နှုန်း စည်ပင်သာယာမှ (၆၀)ရာခိုင်နှုန်းဖြင့် စုစုပေါင်းကျပ် (၁၉၂)သိန်း အကုန်ကျခံကာ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အရှည်(၈၅၂)ပေ၊ အကျယ်(၁၂)ပေ၊ ထု()လက်မ ရှိကြောင်း သိရသည်။

စန္ဒာကြည်(ခရိုင်ပြန်/ဆက်)