ရွှေသောင်ယံ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ (အ.ထ.က) စာသင်ကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Worldview International Foundation မှ စာသင်ကျောင်းအတွက် ငွေကျပ်(၉၇၃,၈၀၀)တန်ဖိုးရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ တစ်စုံလျှင် ကျပ် (၄၃,၀၀၀)တန်ဖိုးရှိ ကျောင်းသုံး စာသင်စားပွဲနှင့် ထိုင်ခုံအစုံ(၄၀)အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ယူလီးဖောနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် Worldview International Foundation မှ အုန်းချောင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ စာသင်ကျောင်းအတွက် လိုအပ်ချက်များကျေးရွာ အတွက် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)