အုတ်ဖို ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာလာသူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွား လာမှု ရှိ/မရှိကို ရှောင်တခင်စစ်ဆေးပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများနှင့် ဟောင်းနွမ်းနေသည့် နှာခေါင်းစည်းများ တပ်ဆင်ထားသူများကို အခမဲ့ဖြန့်ဝေပေးကာ ချက်ချင်း တပ်ဆင်စေခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် လူအသွား အလာများသော နေရာများတွင် စစ်ဆေးဆောင်ရွက်ခြင်းများကို တစ်ပတ်လျှင် ၅ ကြိမ် ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)