ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ပန်းတနော်မြို့ရှိ ပြည်သူများမှ ပါဝင်လှူဒါန်းမှု သိန်း ၂၃၀ ခန့် လက်ခံရရှိ

ပန်းတနော်  ဇန်နဝါရီ  ၂၆

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ရှိ ပြည်သူများ၏ ပါဝင်လှူဒါန်းရရှိမှု စုစုပေါင်း ငွေကျပ် သိန်း ၂၃၀ ခန့် အထိ အလှူငွေ ရရှိထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ပန်းတနော်မြို့နယ်ရှိ လူမှုရေးပရဟိတ အဖွဲ့အစည်းများ စုပေါင်း၍ မြို့ပေါ် ရပ်ကွက်များတွင် အလှူငွေများ အလှူခံလျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ပြည်သူများမှ ပါဝင်လှူဒါန်းမှု စုစုပေါင်း သိန်း ၂၃၀ ခန့်အထိ လက်ခံရရှိထားကြောင်း ဆက်လက်၍ရပ်ကွက် ကျေးရွာများတွင် လိုက်လံအလှူခံ ဖို့ရှိကြောင်း အလှုရှင်များ အနေဖြင့် မိမိတို့ စိတ်ဆန္ဒရှိသည့်အတိုင်း သဒ္ဓါတတ်အား နည်းများမဆိုပါဝင်၍ လှူဒါန်း နိုင်ပါကြောင်း ကိုဗစ်-၁၉ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေကောက်ခံရာတွင် ပါဝင် ဆောင်ရွက်နေသော အဖြူရောင် သူငယ်ချင်းများ လူမှုရေးပရဟိတအဖွဲ့ ကိုသက်ပိုင် ထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)