ပန်းတနော်မြို့ရှိ ကုန်မျိုးစုံရောင်းချနေသော စျေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်

ပန်းတနော်  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်​ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး ဥပဒေရ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊ မရှိကို သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)