ရှမ်းရွာသစ်မြို့ တရီဖိုးခွီး-စောဖိုးခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃) မိုင် ဖောက်လုပ်ခြင်း လုပ်ငန်း (၈၀) ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တရီဖိုးခွီး-စောဖိုးခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၁၀.၂) သန်းဖြင့် ဆောင်ရွက် လျက်ရှိပြီး တရီဖိုးခွီး-စောဖိုးခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃) မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းကို စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ရှိကြောင်း ယခုအချိန်တွင် (၈၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဒေသနေ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝေဠု (ပြန်/ဆက်)