ပန်းတောင်း ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာဆိုင်ရာတာဝန်ရှိသူများမှ လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပန်းတောင်းမြို့နယ်၊ မြောင်ရှည်ကျေးရွာရှိ ခြင်္သေ့မင်းဆန်စက်တွင် စပါးခွံပေါင်းခံရည်ဖြင့် ဘိုင်အိုချာပြုလုပ်သုံးစွဲနေမှု အခြေအနေများကိုလည်းကောင်း၊ စွယ်တော်ကျေးရွာရှိ တောင်သူ ဒေါ်သန်းဝင်း၏ ယာမြေ (၁၀) ဧကရှိ မိုးနှမ်းဆင်းရတနာ - ၃ စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ညောင်ကုန်းကျေးရွာရှိ မိုးစပါးပန်းတိုင်ပြည့်မီစေရေး ဧက (၁၀၀) စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သရက်လိန်ကျေးရွာရှိ တောင်သူ ဦးအေးသန်းအပါအဝင် တောင်သူ (၂၁) ဦး ၏ မိုးစပါးဧက (၁၀၀) စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)