ပခုက္ကူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး ပခုက္ကူ မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဒေါ်အေးအေးခိုင်၊ အသွင်ဆန်း(ပခုက္ကူ)ကအဖွင့်အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမများက ပခုက္ကူမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နှစ် (၆၀) ပြည့် မဂ္ဂဇင်းစာအုပ်တွင်ပါရှိသည့် နှလုံးသားနုနုဆူးစူးမရ၊ ဇမ္ဗူမှာရှားသည့် သူလိုကျောင်းသား၊ ပြင်သစ်ကိုတည်မလေ ညီညွတ်စေ၊ မျက်မှန်တစ်လက်၏ရာဇဝင်၊ ပညာရေးပန်းပွင့်လန်းစေချင်နှင့် အခြားဆောင်းပါများကို ဆောင်းပါရှင်စာရေးဆရာ/ဆရာမများက အသီသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာ အသင်းဝင်ဆရာ/ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊တွဲဖက် ဝန်ထမ်းများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မယ်ခွေ