တောင်ငူ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ သင်တန်းတွင် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့်ဆောင်ရွက်ချက်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေ၊ လောင်းကစားဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေအခြေခံ၊ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ ယစ်မျိုးဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အိမ်ခြံမြေနှင့် မြေယာစီမံခန့်ခွဲခြင်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ စသည်တို့ကို သင်ကြားပို့ချခဲ့ကြောင်း းသိရသည်။
ဇော်ကိုကို (တောင်ငူ)