သရက်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကျင်းပ

သရက် ဇူလိုင်   ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၏ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာမှာ တက်ရောက်လာကြသည့် သင်တန်းသားအုပ်ချုပ်ရေးမှူးများ အနေဖြင့် သင်တန်းအား ပြီးစီးသည်အထိ အကြောင်းမဲ့ပျက်ကွက်မှုမရှိစေဘဲ တက်ရောက်ခဲ့၍ သင်တန်းကို စည်းကမ်းတကျတက်ရောက်နိုင်ပြီး ဌာနဆိုင်ရာများမှ ဘာသာရပ်အလိုက်သင်ကြား ပို့ချမှုများအား စိတ်ပါဝင်စားစွာ သင်ယူစေနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းကြောင့် မိမိတို့ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိစေရန်နှင့် မြေပြင်တွင် ဥပဒေနှင့်အညီ လက်တွေ့ကျကျအသုံချ နိုင်ရေးအတွက် သင်တန်းပို့ချပေးခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်၍ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့် သင်ခန်းစာများအပေါ် အကျိုးရှိစွာဖြင့် အသုံးပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်ထက်(သရက်)