ဘောလခဲ ဇူလိုင် ၂၉
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးချစ်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဘောလခဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူကြသည်။
အဆိုပါသင်တန်းတွင် ဘောလခဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်းရှိ ဝန်ထမ်း (၄၀) ဦးအား လုပ်ငန်းခွင်အသုံးပြု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုဘာသာရပ်၊ ဘဏ္ဍာရေးနှင့် စာရင်းဇယား ထိန်းသိမ်းမှုဆိုင်ရာများကို ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)