ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ရွှေဘို ​ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်တွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ ကျောင်းတွင်းအာဟာရမြှင်တင်စို့” ဆိုသည့်အတိုင်း KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာ စွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုကယ်လိုရီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ပြီး အာဟာရကျွေးမွေး​နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ‌

ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း(၃၇) ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ(၁၃၁၉)ဦးတို့အား အဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျန်ရှိသည့် ကျောင်း(၃၆)ကျောင်းတွင်လည်း တစ်ပြိုင်တည်းကျွေးမွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)