ကလေးမြို့၌ ပထမရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကလေး၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပထမရက် (၁၀၀) စီမံချက်ဖြင့် ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကျင်းပသည့် ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဒိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကီးခွီရှိန်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးမှူး ဦးထွန်းအေးတို့မှ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျေးရွာနေပြည်သူများထံ မြေဂရန်များ ပေးအပ်သည်။

အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာမြေငှားဂရမ်ပေါင်း (၄၇၉) ဦးကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)