ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး      ဇူလိုင်   ၂၉

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၈ ရက် နံနက် ၁၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များဖြစ်ကြသည့်ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်းရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များကို ကြိုဆိုပါကြောင်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် ခက်ခဲသိမ်မွေ့သည့် လုပ်ငန်းဖြစ်ပါကြောင်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထား ပါကြောင်း၊ နိုင်ငံတော်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေများ ခွဲဝေချထားခဲ့ပြီး နောက်ထပ်လိုအပ်သည်များကိုလည်း ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ချမှတ်ထားသည့် မူဝါဒအတိုင်း မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဖလမ်းမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရကို ဝိုင်းဝန်းကူညီနိုင်ရေးနှင့် မြေပြင်ရှိ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးနှင့် လိုအပ်ချက်များ ပံ့ပိုး ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊  ဖလမ်းမြို့၊ တီးတိန်မြို့ နှင့် တွန်းဇံမြို့များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်ချက်များ ကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခြင်းများအပါအဝင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ချက် များနှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် ဌာန / အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမှု ၊ ဖလမ်းမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် နိုင်ငံ့ဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်း ဆောင်မှု ၊ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်မှု ၊ အခြေခံပညာကျောင်းများနှင့် ဆေးရုံများ ဖွင့်လှစ်နိုင်မှု ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးပစ္စည်းများ လက်ခံရရှိမှု ၊ ဖြန့်ဝေမှု ၊ ရန်ပုံငွေ လက်ခံရရှိမှုနှင့် သုံးစွဲမှုနှင့် အဆောက်အဦပျက်စီးမှု စသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန် လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ကော်မတီဝင်များက ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြ ကြပြီး တင်ပြချက်များအပေါ် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ် ၊  လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး ၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြ၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

( ခရိုင် ပြန်/ဆက် )