ဟင်္သာတခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ၊ပဲပုတ်)နှင့် စက်မူ ကုန်ကြမ်းသီးနှံ(ကော်ဖီ)သီးနှံ တာဝန်ပေးအပ်

ဟင်္သာတ       ဇူလိုင်  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမဆောင်၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ဟင်္သာတခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ သီးနှံစိုက်ပျိုးရေး တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ခိုင်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက်  မြို့နယ်ဥက္ကဋ္ဌများထံသို့ ဟင်္သာတခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်)နှင့် စက်မူကုန်ကြမ်းသီးနှံ ဖြစ်သော(ကော်ဖီ)သီးနှံများ မြို့နယ်အလိုက် အသီးသီး တာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)