မင်းကင်း ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ မြို့နယ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ် ရေးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်း အနားကို ယမန်နေ့ညနေ ၂နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌရဲမှူးထွန်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်ဦးက သင်တန်းဆင်းအောင်လက်မှတ်ကို သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင် ဦးအောင်ဆန်းဝင်းထံသို့ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားများကိုယ်စား ကျေးတောင်ဦး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစောမြတ်ထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်းအပေါ် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်မားရေး သင်တန်း (၁/၂၀၂၆)ကို သင်တန်းသားစုစုပေါင်း (၁၄)ဦးဖြင့် ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြား ပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)