ကယားပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဆင်းပွဲကျင်းပ

လွိုင်ကော် ဇူလိုင် ၂၉

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူသည်။  

အဆိုပါသင်တန်းတွင် လွိုင်ကော်၊ ဘောလခဲ၊ ဒီ:မော့ဆိုနှင့် ဖရူဆိုမြို့နယ်များမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား  လုပ်ငန်းခွင်အသုံးပြု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ စီမံခန့်ခွဲမှု ဘာသာရပ်၊ ဘဏ္ဍာရေးနှင့် စာရင်းဇယားထိန်းသိမ်းမှုဆိုင်ရာများကို ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်ဆက်)