ငပုတောမြို့နယ်၊ မူ(လွန်)ဖိုးသာဆိတ်ကုန်းကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပ

ငပုတော ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဖိုးသာဆိတ်ကုန်းကျေးရွာ၊ မူ(လွန်)ဖိုးသာဆိတ်ကုန်းကျောင်း၌ RCC တစ်ထပ်ကျောင်းဆောင်သစ် ပန္နက်ရိုက်ခြင်း မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် တောင်ကလေးကျေးရွာအုပ်စု၊ ဖိုးသာဆိတ်ကုန်းကျေးရွာ၌ ကောင်းမြတ်ခန့်ညားကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ RCC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာ၌ ပန္နက်ရိုက်ပေးခဲ့ကြသည်။

ထို့နောက် ဖိုးသာဆိတ်ကုန်းကျေးရွာ ကျောင်းခန်းမတွင် ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကြာကွင်းကျေးရွာအုပ်စု၊ အ.လ.က(ခွဲ) ကံသုံးဆယ်ကျောင်းသို့ သွားရောက်၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)