မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  UID ကတ်ပြားများပေးအပ်ခြင်းအခမ်းအနားကျင်းပ

မြဝတီ     ဇူလိုင်   ၂၉

မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁:၀၀) အချိန်၌ အမှတ်(၅) ရပ်ကွက်၊ အခြေခံပညာအထက်တန်း (ဝါးတော)ကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်းကအဖွင့်အမှာ စကားကိုပြောကြားခဲ့ပြီး ဆက်လက်ပြီးလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်း၊  မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မောင်အောင်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်း၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့် အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျောင်း အကျိုး တော်ဆောင်များနှင့်တာဝန်ရှိသူများက နိုင်ငံတော်ရက်(၁၀၀) လမင်းစီမံ ချက်ဖြင့် ဆောင်ရွက် ပြီးစီးသည့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်  UID ကတ်ပြားများ မရှိသေး သောအသက် (၁၀)နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၈၇) ဦးတို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး    အခမ်းအနား ကိုရုပ်သိမ်းခဲ့ ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)