ရေတာရှည် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် (၉) နာရီက မြို့လှမြို့၊ ချောင်းမကြီး (၂) တွင် နေထိုင်သော အသက် (၁၁၈) နှစ်အရွယ် အဘွားအား သွားရောက်တွေ့ဆုံပြီး ချီးမြှင့်ငွေ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူအကြီးအကဲများက အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံအားပေးသည်။ ဆက်လက်ပြီး မြောက်နန်ချွန်ရှိ စက္ကူစက်နှင့်ဆန်စက်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)