ပုသိမ်တွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပုသိမ် ဇူလိုင် ၂၉

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင် ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂၃၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး၊ ကထိကများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၃၃) ဦးတို့မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၇-၇-၂၀၂၆ ရက်နေ့မှ ၁၃-၁၀-၂၀၂၆ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)