အုတ်တွင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း စဥ်လာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဒုတိယဝါဆို လပြည့် (ဓမ္မစကြာအခါတော်နေ့) ယနေ့နံနက်ပိုင်းက ဘုရားသွားကျောင်းတက် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ အုတ်တွင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဘုရားများသို့ သွားရောက်ဖူးမြော်ခြင်းများအပြင် ရပ်ကွက်/ ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ပြီး ဥပုသ်သီလ ဆောက်တည်ကြ၍ ကုသိုလ်ပြုကြသူများအား အလှူရှင်များက စတုဒိသာကျွေးမွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)