ဟင်္သာတမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ဟင်္သာတ         မေ      ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၈ရက်နေ့ မွန်းလွဲ ၃ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး ပြည်သူဗဟိုပြုအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်သိသိ၊ စည်းကမ်းရှိရှိ၊ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် သင်တန်းမှရရှိသောအသိပညာ၊ အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင်အကျိုးရှိရှိ ပြန်လည်အသုံးချစေလိုကြောင်းသင်တန်းကာလအတွင်း သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံများကို မိမိတို့တာဝန်ကျရာ ရပ်ကွက်နှင့် ကျေးရွာများတွင် ထိရောက်စွာအသုံးချ၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုအောင်မြင်စွာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ထို့နောက် သင်တန်းသားများကိုယ်စားသင်တန်းသား ဦးလှမင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)