မြဝတီ ဇူလိုင် ၂၈
ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ဝါးတော) တွင် ကျင်းပသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက အသက်(၁၀)နှင့်အထက် ကျောင်းသား၊ကျောင်းသူ (၁၈၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)