လေရှီး ဇူလိုင် ၂၃
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆန်းစစ်ရှီး၊ လေရှီးမြို့နယ် စည် ပင်သာယာရေး အမှုဆောင်အရာရှိ ဦးလာပဲတို့ကတာဝန်ရှိပြည်သူများနှင့်အတူ လေရှီးမြို့အတွင်းရှိ ပြည်သူများ၊ကျောင်းသား/သူများနှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ရန်မြို့အတွင်း အရေးကြီးလိုအပ်လျက်ရှိသည့်နေရာများကို ယမန်နေ့ ညနေ (၁:၀၀) နာရီမှ (၄:၀၀) နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် လေရှီးမြို့၊ အမှုထမ်းရပ်ကွက်နှင့် မြို့မရပ်ကွက် တစ်ဆက်စပ်တည်း ရှိပြီး မြို့တွင်းလမ်းတစ်လမ်းဖြစ်သည့် မြို့ပတ်လမ်းတွင် ကွန်ကရစ်ခင်းရန် လိုအပ်လျက်ရှိသည့် အပိုင်းအားကြည့်ရှုခြင်း၊ မိုးမခလမ်းသွယ်အား သွားလာရေးကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့သည်။
နာဂဒေသ၊ လေရှီးမြို့သည် ဖွံ့ဖြိုးမှုနောက်ကျနေသည့်တောင်ပေါ်ဒေသ မြို့တစ်မြို့ဖြစ်ပြီး မြို့တွင်းလမ်းများ၊ လူသွားလမ်းကြားများ ကောင်းမွန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)