ဟားခါးမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အသစ် ပြန်လည် ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေး

ဟားခါး  ဇန်နဝါရီ 

ဟားခါးမြို့နယ်အတွင်း ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပြီးနောက် သင်တန်းပေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီလ ၂၄ရက်နေ့က ဟားခါးမြို့တွင် စတင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရန်အတွက်  ရွေးချယ်ပြီးသည့် ပြည်တော်သာရပ်ကွက်၊ ဟားခါးထာရ် ()ရပ်ကွက်နှင့် ဟားခါးထာရ်()ရပ်ကွက်မှ ကြီးကြပ်ရေးအဖွဲ့ဝင်(၁၅)ဦးအား ရွေးချယ်ခြင်း ဆိုင် ရာဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ဟားခါးမြို့နယ်အတွင်း ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းဆောင်ရွက်ပြီးနောက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်ခြင်းကို မတ်လနောက်ဆုံးအပတ်တွင် အပြီးသတ် ဆောင်ရွက်ပြီး ဧပြီလ()ရက်နေ့မှ စ၍ တာဝန်စတင် ထမ်းဆောင်စေမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)