အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

​တောင်ငူ ဇူလိုင် ၂၈

​ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသန်းစိုးနှင့် အမှတ်(၂) ဦးသန့်ဇော်မင်းတို့က အဖွင့်အမှာစကား ပြောကြားကြပြီး   ခရိုင်ဥပဒေအရာရှိ ဦးတင်မောင်မောင်ကျော်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမီမီခင်၊ အမှတ်(၃၆) မူးယစ်တပ်ဖွဲ့စု (ပဲခူး)မှ ရဲအုပ် မြတ်လင်းခိုင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေး ဟောပြောဆွေးနွေးကြသည်။ 

ထို့နောက် တက်ရောက်လာကြသည့်‌ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

ဦးဇော်ကိုကို(ပြန်/ဆက်)